ရန်ကုန် ဧပြီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် (၉၄) ရပ်ကွက် အေ၊ ဘီ၊ စီ ဘလောက်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ရဟန်းသံဃာ (၉၄) ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၉:၀၀ နာရီအချိန်က (၉၄) ရပ်ကွက် အေဘလောက်၊ ၁၅ လမ်းထိပ်ရှိ အိမ်ယာစီမံခန့်ခွဲရေးကော်မတီရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရဟန်းသံဃာတော် အရှင်သူမြတ်များက ဘုရားအနေကဇာတင် ရွတ်ဖတ်ပူဇော်ပြီး နမောတဿ (၃) ကြိမ်ရွတ်ဖတ်ပူဇော်ကာ အခမ်းအနားကို ဖွင့်လှစ်သည်။ ယင်းနောက် (၉၄) ရပ်ကွက်လုံးဆိုင်ရာ ရပ်မိရပ်ဖများက ရဟန်းသံဃာတော် အရှင်သူမြတ်ထံ ငါးပါးသီလခံယူဆောက်တည်တော်မူသည်။
ပထမအကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဧပြီ(၉) ရက်နေ့မှစတင်၍ (၁၃) ရက်နေ့အထိ (၅) ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး ရဟန်းသံဃာတော် (၉၄) ပါးအား ဧပြီ (၁၃) ရက်နေ့တွင် ဆွမ်းဆန်စိမ်းလောင်းလှူမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)