အမြို့မြို့အနယ်နယ်သတင်းများ

Apr 09,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂ဝ၂၃-၂ဝ၂၄)ဘဏ္ဍာရေးနှစ်၊ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ အခြေခံ ပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
Apr 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်းဓမ္မဗိမ္မာန် ကျောင်းတိုက်၊ ဓမ္မဝိဇယဓမ္မာရုံ၌ အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီလ ၇ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြသည်။
Apr 09,2024
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာပေဖတ်ရှုသည့်အလေ့အကျင့်များ ဖြစ်ပေါ်စေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသော “အနာဂတ်ကို မျှော်တွေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး အခြေခံစာတတ်‌မြောက်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Apr 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော လောကမှန်ကူ သိဒ္ဓိရှင်ဆု တောင်းပြည့် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယမန်နေ့မှစတင်၍ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်ကာလျက်ရှိပြီး ဘုရားဖူးပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်းဖြစ်သည့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများ အား ကန်ကြီးထောင့်မြို့နယ် ဦးစီးမှူးရုံးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်း သားပြည်သူများအားလုံး စာတတ်မြောက်စေရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 09,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် မြစ်ကြီးနား မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များမှ နေရပ်ကျေးရွာများကို စွန့်ခွာ၍ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ ဆွတ်ငိုင်တောင်စခန်းသို့ ယာယီတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများအား ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၈ ရက် ညနေ ၃ နာရီက သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။