အမြို့မြို့အနယ်နယ်သတင်းများ

Apr 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ စာပေဖတ်ရှု့မှုမှရရှိသည့် ဗဟုတုတများတိုးပွားစေရန်   စာအုပ်စာစောင်များကို Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးများရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များကို (အခမဲ့ )ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Apr 09,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့၊ နံနက် (၁၀) နာရီအချိန်က စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၁၃၈၅ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့ထိ ပြည်တော်အေးသာသနာ့ ဗိမာန်တော်တွင် ကျင်းပလျက်ရှိရာ ယနေ့သတ္တမနေ့တွင်ပထမကြီးတန်းများက ဘာသာပြန် ဘာသာကို ဖြေဆိုလျက်ရှိသည်။
Apr 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ဆီထွက်သီးနှံများ မျှော်မှန်းပန်းတိုင် အထွက်နှုန်းရရှိရေးတောင်သူအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဘုရားတောင်ကျေးရွာ အုပ်စု၊ ပိုတက်ကျေးရွာ တောင်သူအသိပညာပေးစင်တာတွင်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 09,2024
မန္တ‌လေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မမဟိန္ဓိ လေးထပ်ကျောင်းဆောင်၌ ဧပြီလ(၃)ရက်နေ့မှ စတင် ဖြေဆိုခဲ့ရာ ယ‌နေ့ ဧပြီလ(၉)ရက်နေ့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို အောင်မြင်စွာဖြေဆိုပြီးဆုံးခဲ့ကြောင်း သိရသည်။
Apr 09,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ပူပြင်းခြောက်သွေ့သော နွေရာသီ၌ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ကွမ်ရိုက်ကျေးရွာ ရေလှောင်ကန်သို့ သောက်သုံးရေများ (အခမဲ့) သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Apr 09,2024
နွားထိုးကြီးမြို့၊ အမှတ်( ၂)ရပ်ကွက်အတွင်းရှိ အလယ်ကျောင်း စာသင်တိုက်၌ ယနေ့ မွန်းတည့် (၁၂) နာရီအချိန်က မြို့နယ်သံဃာနာယက ဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ပါဠိ ပထမပြန်စာမေးပွဲကို  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Apr 09,2024
တိရိစ္ဆာန်များအတွက် အစာစရိတ်သက်သာပြီး အရင်းအနီးနည်းနည်းဖြင့် အပိုဝင်ငွေများရရှိနိုင်သော တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေးလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့အတွင်း လုပ်ကိုင်လျက်ရှိကြောင်း ဆိတ်မွေးမြူသူ ဦးဝင်းဌေးထံမှ သိရသည်။