ငါန်းဇွန် ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယနေ့မွန်းတည့် ၁၂နာရီက မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲကို ပထမကြီးတန်း ဆက်လက်ဖြေဆိုတော်မူကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များ ဖြေဆိုကြရာ ယနေ့တွင် အကြီးတန်း၌ စာရင်းရှိ (၁၀)၊ ဖြေဆို(၈)၊ ပျက်ကွက်(၂)သည် ဘာသာပြန်ဘာသာကို ဖြေဆိုတော်မူကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ နေ့စဉ် မွန်းတည့် ၁၂နာရီမှ ညနေ ၃နာရီ အထိ ကျင်းပလျက်ရှိပြီး မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ဖြေဆိုသံဃာတော်များ၊ လူပုဂ္ဂိုလ်များနှင့် သီလရှင်ဆရာလေးများအတွက် စာမေးပွဲဖြေဆိုရာတွင်လိုအပ်မှုမရှိစေရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)