အမြို့မြို့အနယ်နယ်သတင်းများ

Apr 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့တွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်စေရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ယနေ့နံနက် (၀၉း၀၀) နာရီအချိန်က ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၃) ခုနှင့် ကျေးရွာအုပ်စု (၂၂) စု၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဧပြီ ၉ ရက်နံနက် ၁၁ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်း လင်းဆွေးနွေးပွဲကျင်းပသည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော မြို့ပေါ်ရပ်ကွက်စာသင်ဝိုင်းများသို့ ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးထွန်းနိုင်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်အတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေး လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ဧပြီ (၈) ရက်နေ့၊ နေလည် (၁) နာရီက ဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Apr 09,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်းသာမဏေများအား ဘွဲ့လက်မှတ်အဆောင်အယောင်နှင့် စာအောင်လက်မှတ်ဆက်ကပ်ခြင်း (စူဠဘွဲ့နှင်းသဘင်) အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျိုက်မရောမြို့ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့သည်။
Apr 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆီထွက်သီးနှံစိုက်ပျိုးရန်အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ၂၀ ဒသမ ၄ သန်း ဒုတိယအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို ဧပြီ ၅ ရက်နေ့နံနက်ပိုင်းက သစ်တပ်အုပ်စု၊ ကြို့ပင်ကျေးရွာ၊ ကျေးရွာတာဝန်ခံနေအိမ်၌ ကျင်းပခဲ့သည်။
Apr 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့နယ်အတွင်းတွင် ပုဇင်းရင်ကွဲကောင်များ စတင်ပေါ်နေပြီဖြစ်ပြီး ဒေသခံပုဇင်းရောင်းချသူများအနေဖြင့် တစ်ပြည်လျှင် ခြောက်ထောင်ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။