ရပ်စောက် ဧပြီ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၃ခုနှစ် အစိုးရပါဠိပထမပြန် စာအောင်သံဃာတော်တော် (၆၄) ပါးနှင့် ကြီးကြပ်ဆရာတော် (၁၁) ပါးတို့အား စာအောင်လက်မှတ်၊ စာအောင်ဆုနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို စူဠာမုနိကုသိုလ်တော်ဘုရားကြီး အရှေ့ဘက်အာရုံခံတန်ဆောင်းတော်ကြီးအတွင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို တက်ရောက်လာကြသူများက နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ မင်္ဂလာရန်အောင်ကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားတော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးကသာသနာရေးဆိုင်ရာများလျှောက်ထားခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ် အစိုးရပထမပြန်စာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့် စာအောင်သံဃာတော် အရှင်သူမြတ် (၇၅) ပါးတို့အား စာအောင်လက်မှတ်၊ စာအောင်ဆုနှင့် လှူဖွယ်ပစ္စည်းများကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချတရားနာယူခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဠတု (၃) ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဆုမွန်ပြန်/ဆက်