အမြို့မြို့အနယ်နယ်သတင်းများ

Apr 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “ပန်းလိုချင် အပင်ပျိုးတတ်မှ” စာအုပ်မှ “အရမ်းပြင်လျှင် အယဉ်ပျက်သည်”ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို မြို့နယ်သာယာအေးခန်းမတွင် ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။
Apr 13,2024
မြန်မာတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဥ်ကျေးမှုဓလေ့ထုံးတမ်းများကို အစဥ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်အကြိုနေ့ သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ အချိန်ကမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Apr 13,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့မ(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 13,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၅ - ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Apr 13,2024
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် မဟာသင်္ကြန် (အကြိုနေ့) ၌ ဘုရားဖူးပြည်သူများ၊ တရားဘာဝနာပွားများသူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။
Apr 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 13,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့် ဝန်ထမ်းများက နောင်ချိုမြို့နယ်တွင် မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘန့်ဘွေးကျေးရွာအုပ်စုနှင့် ကြိမ်ဂနိုင်ကျေးရွာအုပ်စုအတွင်းရှိ မွေးမြူရေးခြံများသို့ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Apr 13,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကျင်းပပြုလုပ်မည့် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုများကို ယနေ့နံနက်ပိုင်းက လားရှိုးတက္ကသိုလ်အတွင်းရှိ မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။