အမြို့မြို့အနယ်နယ်သတင်းများ

Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များသို့ ရေများ(အခမဲ့) လှူဒါန်းခဲ့ကြောင်း သိရသည်။
Apr 12,2024
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများ တစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်၍ မိသားစုဝင်ငွေရရှိစေရန်အတွက် အလှူပွဲ၊ မင်္ဂလာပွဲများတွင် အသုံးပြုသည့် စက္ကူယပ်တောင်ပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Apr 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများသို့ တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Apr 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် အလွန်ပူပြင်းသောနွေရာသီအချိန်အခါဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေးအန္တရာယ်များကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် (191) Stickerများ ဖြန့်‌‌ဝေ‌ပေးခြင်းကို ယမန်နေ့နံနက် ၈နာရီက ရေဖြူမြို့အဝင်တံတား၊ ရပ်ကွက်များရှိနေအိမ်များ အထွက်စစ်‌ဆေးရေးဂိတ်နှင့် လူစည်းကားရာ မြို့မဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၅၀)၊ ဦးပိုင်အမှတ်(၉/၃)ရှိ တောင်သူဦးမင်းဟန်၏ လယ်မြေ(၄.၉၁)ဧက၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးစံပြကွက်တွင် ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီမိနစ် ၃၀ အချိန်က အဆိုပါ ဦးမင်းဟန်၏ လယ်မြေ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။
Apr 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာ ကျေးလက်ကျန်းမာရေးဌာနတွင် မတ်လအတွင်း စုစုပေါင်း ပြည်သူ ၁၀၈ ဦးအား ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။