အုတ်ဖိုမြို့တွင် မြန်မာ့ရိုးရာဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

အုတ်ဖို ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၅ - ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအောင်ကိုက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးအောင်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအောင်ကိုနှင့် မြို့နယ်ကျေးလက်လမ်းဦးစီးမှူး ဦးအောင်စိုးမိုးတို့က မြန်မာ့ရိုးရာဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး သင်္ကြန်ယိမ်းအဖွဲ့များမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)