Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့်မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းမည်ဖြစ်ရာ အဆိုပါ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် (၇)နာရီခွဲအချိန်က အမှတ်(၁)ရက်ကွက်၊ ကမ်းနားလမ်းရှိ ကမ်းသာယာ“View Point”တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့တွင် သင်္ကြန်ကာလအတွင်း အထူးတရားစခန်းနှင့် အသံမစဲပဌာန်းပူဇော်ပွဲများဖြင့် ကုသိုလ်ကောင်းမှုပြုသူများပြား
Apr 14,2024
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ၁၃၈၅-၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွင်း တန်ခူးလဆန်း(၄)ရက် (ဧပြီလ၁၂ရက်နေ့) ညနေပိုင်းမှစ၍ သင်္ကြန်ကာလ အထူး တရားပွဲနှင့် နေ့/ည အသံမစဲ မဟာပဌာန်းပူဇော်ပွဲများကို သက်ဆိုင်ရာ ကျောင်းများတွင် ကုသိုလ်ကောင်းမှုများပြုလုပ်သူ များပြားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲကျင်းပ
Apr 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟို ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ခိုလမ်မြို့ ရွှေစေတီမုခ်ဦး အရှေ့ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော် အင်းလေးရေပေါ်သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ ကျင်းပ
Apr 14,2024
၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော် အင်းလင်းရေပေါ်သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ သင်္ကြန်အကြိုနေ့ နံနက်(၁၀)နာရီက ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာရှေ့ရှိ ရေလယ်ခန်းမ မဏ္ဍပ်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်ရှိ ကျေးရွာနေပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ သွားရောက်လှူဒါန်း
Apr 14,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီး နွေရာသီတွင် ကျေးရွာ/ရပ်ကွက်များရှိ ပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်နှင့်နီးသည့် ကျေးရွာများနှင့် နွေရာသီတွင် ရေရှားပါးသည့် ကွင်းရွာ/ကျေးရွာများရှိ ရေလှောင်ကန်နှင့် နေအိမ်များသို့ သောက်သုံးရေများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်က ချောင်းဆုံမြို့နယ် ခရိုက်သစ်ကျေးရွာသို့ သွားရောက်လှူဒါန်းဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျေးရွာအုပ်စုများအရောက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးရှင်းလင်းဆွေးနွေးဟောပြောပွ…
Apr 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးရှင်းလင်းဆွေးနွေးဟောပြောပွဲများကို ကျေးရွာအုပ်စုများအရောက် စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ကစတင်၍ ရုံးပင်ကျေးရွာအုပ်စု၊ တစ္ဆေချောင်းကျေးရွာ၊ ဓမ္မသုခသိဒ္ဓိကျောင်းတိုက်ဓမ္မာရုံ၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ မရမ်းကုန်းကျေးရွာ၊ သီရိမင်္ဂလာကျောင်းတိုက်ဓမ္မာရုံ၊ ကျီးပင်ကျေးရွာအုပ်စု၊ ကြွက်ကျွန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 14,2024
သင်္ကြန်ဆိုသည်မှာ “သင်္ကန္တ” ဆိုသောပါဠိပုဒ်မှ ဆင်းသက်လာပြီး “ကူးပြောင်းခြင်း”ဟု အဓိပ္ပာယ်ရသည်။ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသောအဓိပ္ပာယ်ဖြစ်သည်။ သင်္ကြန်ကို အတာသင်္ကြန်ဟုလည်းခေါ်သည်။ အတာသည်လည်း နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းခြင်းဟူ၍ပင် အဓိပ္ပာယ်ရသည်။ နှစ်ဟောင်းမှအညစ်အကြေးများကို ရေစင်ရေသန့်တို့နှင့်ပက်ဖျန်းခြင်းကြောင့် စိတ်ကိုကြည်လင်အေးမြစေပြီး ငြိမ်းအေးပါစေကြောင်း ဆန္ဒပြုကြလျက် နွေရာသီအပူများကိုအေးမြစေကြောင်း ရေပက်ဖြန်း၍ သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝှမ်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့တွင် မဟာသင်္ကြန်အကြိုနေ့ တန်ခိုးကြီး ဘုရားများ ၌ ရေသပ္ပါယ် ကောင်းမှုကုသိုလ်ပြုသူများ နှင့်စည်ကားလျက်ရှိ
Apr 14,2024
ရခိုင်ပြည်နယ် မာန်အောင်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုနေ့ ဧပြီလ၁၃ရက်နေ့ ညနေပိုင်းတွင်မာန်အောင်မြို့ပေါ်ရပ်ကွက်ရှိ စေတီဘုရားပုထိုးများတွင် ရိုးရာမပျက်ရေသပ္ပါယ်ကာ ကောင်းမှုကုသိုလ်ပြုလုပ်သူများနှင့် စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9138
Page
9139
Page
9140
Page
9141
Current page
9142
Page
9143
Page
9144
Page
9145
Page
9146
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department