အမြို့မြို့အနယ်နယ်သတင်းများ

Apr 13,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု ခိုကဲကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Apr 13,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားသောက်ရေးအဆင်ပြေစေရန်အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သော လူတစ်ဦးလျှင် ဆန်နို့ဆီဘူး (၂)ဘူးနှုန်းဖြင့် (၃)လစာ ဆန်ရိက္ခာများအား ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ မွန်းလွဲ (၂)နာရီက ရွှေမေတ္တာတန် (၆၀)ဆန်စက်တွင် စုရပ်ထား၍ သွားရောက်တွေ့ဆုံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Apr 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့သည်။
Apr 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေးဒရဲတံတားမှ မဟာသင်္ကြန်ရုံးပိတ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရပ်သို့ ပြန်လည်ဝင်ရောက်လာသည့် ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Apr 13,2024
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်ကာလရုံးပိတ်ရက်ကာလအတွင်း လာရောက်တည်းခိုနေထိုင်သူ ခရီးသွားဧည့်သည်များ များပြားသောကြောင့် သင်္ကြန်အကြိုရက်မှစတင်၍ ဟိုတယ်၊ မိုတယ် ၉၀ လုံးပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ) တာဝန်ရှိသူများထံက သိရှိရသည်။
Apr 13,2024
မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေး မြန်မာ့ရိုးရာ လမ်းလျှောက်အတာသင်္ကြန် (အကြိုနေ့) ကို ယနေ့နံနက်ပိုင်းက အေးချမ်းပျော်ရွှင်စွာ ကျင်းပဖွင့်လှစ်ကြောင်း သိရသည်။
Apr 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက ကြံခင်းမြို့နယ် ရွာသစ်ရပ်ကွက်၊ အိမ်တော်ရာလမ်းနှင့် မဟာဗန္ဓုလလမ်းထိပ်ရှိ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပြင်ဆင်မှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Apr 13,2024
၁၃၈၅ ခုနှစ် မကွေးမြို့ မဟာသင်္ကြန်ရေသဘင်ပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကမ်းနားလမ်းရှိ ဗဟို မဏ္ဍပ်၌  ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကွဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။