အမြို့မြို့အနယ်နယ်သတင်းများ

Apr 14,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သင်္ကြန်အကြိုနေ့က ဗဟိုရေကစားမဏ္ဍပ်၌ ပြည်သူများ ပျော်ရွှင်စွာ ရေကစားလျက်ရှိရာ သင်္ကြန်သီချင်းများ၊ ခေတ်ပေါ်သီချင်းများ၊ ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများနှင့် စတုဒိသာကျွေးမွေးဧည့်ခံမှုများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Apr 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်အဆင့်မြင့်ပညာ ဦးစီးဌာနဝင်း၊အမှတ် (၁၂) ရပ်ကွက်၊ လှိုင်မြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
Apr 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ညောင်ပင်စျေးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 13,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ယနေ့ ၆ နာရီခွဲအချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ နေအိမ်များ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
Apr 13,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပေါ်ရှိ စျေးကြီး၌ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ကြိုဆိုရန်အတွက် မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့အရ အတာအိုးဝယ်သူများ၊ အတာပန်းများ ဝယ်ယူသူများဖြင့် တိုးမပေါက်အောင် စည်ကားများပြားလျက်ရှိသည်။
Apr 13,2024
ဧရာဝတီတိုင်း​​ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌  ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Apr 13,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဧပြီ(၁၀)ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ (၁၀)ရွာ၌ လူနေအိမ် (၂)လုံးပြိုလဲခြင်းနှင့် လူနေအိမ် (၄၁)လုံးတို့မှာ အမိုးလန်ပျက်စီးခဲ့သည့်အတွက် လေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့  နေ့လယ်(၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Apr 13,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းနှင့် ည ၈ နာရီခန့်က လေပြင်းများတိုက်ခတ်ခဲ့သဖြင့် သဖန်းချို‌ကျေးရွာအုပ်စု၊ ငှက်တော်ဦးကျေးရွာတွင် စေတီတော်တစ်ဆူစိန်ဖူးတော်မြေခခဲ့ပြီး သာသနိကအဆောက်အဦများနှင့် လူ‌နေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။