အမြို့မြို့အနယ်နယ်သတင်းများ

Apr 13,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ (၁၃၈၅) ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က လွယ်ဟိုလာရိပ်သာဝန်း မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ဖွင့်ပွဲ ကျင်းပခဲ့သည်။
Apr 13,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်အကြိုနေ့ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများစုပေါင်း၍ ကုသိုလ်ပြု စတုဒိသာအဖြစ် မြန်မာ့ရိုးရာအစားအစာ မုန့်လုံးရေပေါ်နှင့် အခြားစားသောက်ဖွယ်ရာများကို ကျွေးမွေးလှူဒါန်းရာ လာရောက်စားသုံးကြသည့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Apr 13,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျောက်ဖြူမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
Apr 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်နေ့ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်၊ ရွှေလုံမောင်-မယ်ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အလုံမြို့နယ်၊ စောတောင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ ရွှေလုံမောင်-မယ်ရေကစားမဏ္ဍပ်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Apr 13,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု ခိုကဲကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Apr 13,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားသောက်ရေးအဆင်ပြေစေရန်အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သော လူတစ်ဦးလျှင် ဆန်နို့ဆီဘူး (၂)ဘူးနှုန်းဖြင့် (၃)လစာ ဆန်ရိက္ခာများအား ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ မွန်းလွဲ (၂)နာရီက ရွှေမေတ္တာတန် (၆၀)ဆန်စက်တွင် စုရပ်ထား၍ သွားရောက်တွေ့ဆုံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Apr 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့သည်။
Apr 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေးဒရဲတံတားမှ မဟာသင်္ကြန်ရုံးပိတ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရပ်သို့ ပြန်လည်ဝင်ရောက်လာသည့် ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။