နောင်ချိုမြို့နယ်တွင် မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နောင်ချို ဧပြီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့် ဝန်ထမ်းများက နောင်ချိုမြို့နယ်တွင် မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘန့်ဘွေးကျေးရွာအုပ်စုနှင့် ကြိမ်ဂနိုင်ကျေးရွာအုပ်စုအတွင်းရှိ မွေးမြူရေးခြံများသို့ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့် ဝန်ထမ်းများ၊ ကြိမ်ဂနိုင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဘန့်ဘွေးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့လိုက်ပါကာ အသားနှင့် ဥထုတ်လုပ်သော ကြက်မွေးမြူရေးခြံများအား မွေးမြူရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးတွက် လိုအပ်ချက်များ၊ အများပြည်သူစားသုံးမှု ဘေးကင်းလုံခြုံစေရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့် အချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)