လားရှိုးမြို့တွင် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကြိုတင်ပြင်ဆင်နေမှုများကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး

လားရှိုး ဧပြီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကျင်းပပြုလုပ်မည့် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုများကို ယနေ့နံနက်ပိုင်းက လားရှိုးတက္ကသိုလ်အတွင်းရှိ မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများကို ရှမ်းပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီဝင်များ၊ ယိမ်းအကအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

လားရှိုးမြို့တွင် မဟာသင်္ကြန်ပွဲတော်အတွင်းရေကစားမဏ္ဍပ်များကို လားရှိုးတက္ကသိုလ်၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၊ မြို့မရဲစခန်းတို့တွင် ပျော်ရွှင်စည်ကားစွာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လားရှိုမြို့တွင် မဟာသင်္ကြန်ကာလအတွင်း မြို့တွင်းရေကစားမဏ္ဍပ်များတွင်သာမက မြို့အနီးဝန်းကျင်ရှိ ရေအေးချောင်း၊ ရေပူစမ်း၊ နမ့်မျှော်ချောင်းတို့တွင်လည်း ရေကစားကြသူများက သွားရောက်ရေကစားလေ့ရှိကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)