ယင်းမာပင် ဧပြီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “ပန်းလိုချင် အပင်ပျိုးတတ်မှ” စာအုပ်မှ “အရမ်းပြင်လျှင် အယဉ်ပျက်သည်”ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို မြို့နယ်သာယာအေးခန်းမတွင် ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ယင်းမာပင်မြို့ Book Club အဖွဲ့ဝင် ဦးမိုးကျော်က စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသည့် “ပန်းလိုချင် အပင်ပျိုးတတ်မှ”စာအုပ်မှ “အရမ်းပြင်လျှင် အယဉ်ပျက်သည်” ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်သူများက မိမိတို့၏ အတွေးအမြင်ရသများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ယင်းမာပင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဝင်းနှင့် Book Club အဖွဲ့ဝင် ဦးသန့်ဇင်အောင်တို့က စာပေချစ်သူများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးကာ စာပေချစ်သူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကို လစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)