ဗိုလ်တထောင်ခရိုင်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဗိုလ်တထောင်ခရိုင်  ဧပြီ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ခရိုင်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားအား ဆက်လက်ကျင်းပရာ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ခရိုင်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများသို့ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ခဲ့ပြီး အခမ်းအနားကို ယမန်နေ့ ၁၁ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ခင်ဝင်း