မာန်အောင်မြို့တွင် မဟာသင်္ကြန်အကြိုနေ့ တန်ခိုးကြီး ဘုရားများ ၌ ရေသပ္ပါယ် ကောင်းမှုကုသိုလ်ပြုသူများ နှင့်စည်ကားလျက်ရှိ

မာန်အောင် ဧပြီ ၁၄

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုနေ့ ဧပြီလ၁၃ရက်နေ့ ညနေပိုင်းတွင်မာန်အောင်မြို့ပေါ်ရပ်ကွက်ရှိ စေတီဘုရားပုထိုးများတွင် ရိုးရာမပျက်ရေသပ္ပါယ်ကာ ကောင်းမှုကုသိုလ်ပြုလုပ်သူများနှင့် စည်ကားလျက်ရှိသည်။

ထိုသို့ရေသပ္ပါယ်ပူဇော်ရာတွင် မာန်အောင်မြို့ပေါ်ရပ်ကွက်ရှိ တန်ခိုးကြီးဘုရားပုထိုးစေတီများနှင့် ရုပ်ပွားတော်များဖြစ်ကြသည့်၊ ရန်အောင်မြင်ရပ်ကွက်ရှိရန်အောင်မြင်စေတီတော်နှင့် ဓာတ်တော်စေတီတော်၊ မြို့မရပ်ကွက်ရှိမဟာထီးဘုရား၊ အနောက်စုရပ်ကွက်ရှိ လေးဆူမြတ်ရှင်သီရိကျက်သရေ စေတီတော်မြတ်ဘုရားတို့တွင် သဒ္ဓါကြည်လင်ပါရမီရှင်ပြည်သူများကအမွှေးနံ့သာ ရည်များဖြင့် ရေသပ္ပါယ်ကောင်းမှုကုသိုလ် ပြုခဲ့ကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)