တနင်္သာရီမြို့တွင် သင်္ကြန်ကာလအတွင်း အထူးတရားစခန်းနှင့် အသံမစဲပဌာန်းပူဇော်ပွဲများဖြင့် ကုသိုလ်ကောင်းမှုပြုသူများပြား

တနင်္သာရီ ဧပြီ ၁၄

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ပေါ်ရှိ  ဘုန်းတော်ကြီးကျောင်းများတွင်  ၁၃၈၅-၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွင်း တန်ခူးလဆန်း(၄)ရက် (ဧပြီလ၁၂ရက်နေ့) ညနေပိုင်းမှစ၍ သင်္ကြန်ကာလ အထူး တရားပွဲနှင့် နေ့/ည အသံမစဲ မဟာပဌာန်းပူဇော်ပွဲများကို  သက်ဆိုင်ရာ ကျောင်းများတွင် ကုသိုလ်ကောင်းမှုများပြုလုပ်သူ များပြားကြောင်း သိရသည်။

တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် သန္တိသုခဝင်္ကဘာကျောင်းတိုက်၌ မြိတ်မြို့-မိုးကုတ်ကမ္မဌာန စရီယ သာသနာ့ဝံသကျောင်းတိုက်၏ ပဓာနဆရာတော် အရှင်ပညာနန္ဒ(အတွေးသစ်)၏ (ဒုတိယ)အကြိမ်၊ သင်္ကြန်အတွင်း (၅)ရက်အထူးတရားစခန်းတွင် အမျိုးသား/သမီးယောဂီသူတော်စင် (၄၅)ဦးက လည်းကောင်း/

ထို့အတူ လုံးခရမ်းဓမ္မရိပ်သာကျောင်းတိုက် ဦးစီးပဓာနဆရာတော်၏ သင်္ကြန်ကာလ(၁၀)ရက် အထူး တရားပွဲတွင် ဒုလ္ဘရဟန်း(၁၀)ပါးနှင့်သာသနာ့အနွယ်ဝင် သီလရှင်တစ်ပါး၊ ယောဂီအမျိုးသား(၁၂)ဦးနှင့် အမျိုး သမီး(၂၃)ဦး စုစုပေါင်း(၄၆)ဦးတို့က လည်းကောင်း၊ အလားတူ  ချောင်းငယ်ရပ်ကွက် ဘိုးဘွား ရိပ်သာကျောင်းတိုက် ဦးစီးပဓာနဆရာတော် အရှင်သုန္ဒရက ကြီးမှူး၍ ပင့်လျှောက်သံဃာတော်(၂၂)ပါး တို့ဖြင့် နေ့/ညအသံမစဲ မဟာပဌာန်းပူဇော်ပွဲကိုလည်း ရွတ်ပွားပူဇော်လျက်ရှိကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)