ခိုလမ် ဧပြီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟို ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ခိုလမ်မြို့ ရွှေစေတီမုခ်ဦး အရှေ့ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတစ်ရပ်အနေဖြင့် နှစ်စဉ်ကျင်းပလျက်ရှိသော မဟာသင်္ကြန်ပွဲတော် ကိုပျော်ရွှင်စွာဆင်နွဲကြကြောင်း၊ မြန်မာတစ်နိုင်ငံလုံးသာမက နိုင်ငံအသီးသီးမှ လူမျိုးအသီး သီးတို့သည် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ နှစ်သစ်ကူးပွဲတော်များ ကျင်းပရာတွင် မိမိတို့မြန်မာလူမျိုးများသည် နှစ်ဟောင်းမှနှစ်သစ်ကို ကူးပြောင်းချိန်၌ မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို ကျင်းပကြကြောင်း၊ မြန်မာ့ဓလေ့ထုံးတမ်းအစဉ် အလာများနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင် ပွဲတော်တွင် ပါဝင်ဆင်နွှဲရန်နှင့် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ အလှူဒါနပြုခြင်းစသည့် မင်္ဂလာ အပေါင်းပြည့်စုံစွာဖြင့် နှစ်သစ်ကို အတူတကွ ကြိုဆိုကြရမည်ဖြစ်ပါကြောင်း နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန်းထွန်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့် ခိုလမ်မြို့ ကုတင်(၁၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထင်ကျော် တို့က မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုတေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်းနှင့် တက်ရောက်လာကြသည့် ပရိသတ် များအား မင်္ဂလာရေစင်ဖျန်းပက်၍ ပျော်ရွှင်စွာ ရေကစားကြသည်။ ယင်းနောက်သင်္ကြန် ယိမ်းအကများ၊ သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)