ချောင်းဆုံ ဧပြီ ၁၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီး နွေရာသီတွင် ကျေးရွာ/ရပ်ကွက်များရှိ ပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်နှင့်နီးသည့် ကျေးရွာများနှင့် နွေရာသီတွင် ရေရှားပါးသည့် ကွင်းရွာ/ကျေးရွာများရှိ ရေလှောင်ကန်နှင့် နေအိမ်များသို့ သောက်သုံးရေများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်က ချောင်းဆုံမြို့နယ် ခရိုက်သစ်ကျေးရွာသို့ သွားရောက်လှူဒါန်းဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သောက်သုံးရေများ အခမဲ့ဖြန့်ဝေပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးတင်လင်းဦး ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ရေသယ်ယာဉ်ဖြင့် ရေဂါလန် ၁၆၀၀ ဂါလံကို ခရိုက်သစ်ကျေးရွာရှိ ရေလှောင်ကန်နှင့် နေအိမ်များသို့ အိမ်တိုင်ရာရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ရေရှားပါးသည့် အခြားကျေးရွာ/ရပ်ကွက်များသို့လည်း ဆက်လက်အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)