အမြို့မြို့အနယ်နယ်သတင်းများ

Apr 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ် တန်ခူးလဆန်း(၅)ရက်နေ့ ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ရန်ကင်းပိ​​တောက်ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့ရှိ ရန်ကင်းပိတောက်ရေကစားမဏ္ဍပ်၌ ကျင်းပခဲ့သည်။
Apr 14,2024
စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၅ ခုနှစ်၊ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟို မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာကန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် ဇနီး၊ တိုင်းဒေသကြီး တရာသူကြီးချုပ် ဦးဇော်ထူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ နိုင်ငံကျော်အနုပညာရှင်၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ ယိမ်း အကအဖွဲ့များနှင့် မြို့နေပြည်သူများ တက်ရောက်ကြသည်။
Apr 14,2024
စစ်ကိုင်းမြို့တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီက ဧရာဝတီကမ်းနားလမ်း(ဆက်သွယ်ရေးတာဝါတိုင်အနီး) မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 14,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်နှင့် ဓမ္မာရုံများ၌ မဟာသင်္ကြန် နှစ်ကူးကာလတွင် သင်္ကြန်အကြိုနေ့ နံနက်(၈)နာရီခွဲမှစတင်ကာ ပြည်သူများအေးချမ်းစွာဖြင့် ဥပုသ်သီလ ခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်လျက်ရှိကြောင်း သိရသည်။
Apr 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများညှိနှိုင်းဆွေးနွေးပွဲကို ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။
Apr 14,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ဧပြီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မိုးရွာသွန်းပြီ မိုးသီးများကျ၊ လေပြင်းတိုက်ခတ်မှုကြောင့်ရှားတောကျေးရွာ၊ ဆင်သေချောင်းအနီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရေအရင်းအမြစ်ဦးစီးဌာန (ရုံးချုပ်)မှ ဆောင်းနှင့်နွေရာသီတွင် ရေပေးဝေနိုင်ရေး ဆောင်ရွက်ထားသည့် ရေတင်ဆိုလာ ပြားများမှ ဆိုလာပြား ခုနှစ်ချပ် လန်ကျပျက်စီးခဲ့သည်။
Apr 14,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ သင်္ကြန်အကြိုနေ့ မွန်းလွဲ ၃ နာရီခွဲက စျေး(၂)ရပ်ကွက်၊ ဘုရားကြီးလမ်း၊ သိကျမုနိမိုဃ်းကောင်းဘုရားကြီးရှေ့ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 14,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၁၃၈၅ ခုနှစ် နှောင်းတန်ခူးလဆန်း ၅ ရက် ယမန်နေ့က မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အကြိုနေ့ နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်များတွင် အဟာရဒါနဖြစ်သည့် စတုဒိသာ ကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။