အိမ်မဲ ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများညှိနှိုင်းဆွေးနွေးပွဲကို ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း ဆွေးနွေးရာ၌ ပိုက်ဆံလျှော်အပင်များကို လမ်းဘေးဝဲယာများတွင် ပိုမိုစိုက်ပျိုး နိုင်ရန်အတွက် မျိုးစေ့များရှာကြရန်၊ နေကြာစိုက်ပျိုးရာ၌ ယခင်ထက်ပိုမိုဂရုစိုက်ကြရန် မြို့ဝင်မြို့ထွက်များတွင် နေကြာ (၂၀)ဧက စိုက်ပျိုးရမည်ဖြစ်သောကြောင့် ဇုံသေချာရွေးချယ်ကြရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများတွင် အသိပညာပေးဆောင်ရွက်ကြရန်၊ သင်္ကြန်ကာလအတွင်း၌ ဌာနဆိုင်ရာရုံးများ နေည မပြတ် ဂျူတီချထားကြရန်၊ ကိုယ့်ရွာ၊ ကိုယ့်ရပ်ကွက် သန့်ရှင်းရေးဆောင်ရွက်ကြရန်နှင့် မီးဘေးလုံခြုံရေးဂရုစိုက်ရန်တို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒေသန္တရစီမံကိန်ရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပရ မြို့နယ်စီမံကိန်း ရေးဆွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး အောင်သွင်စိုး၊ အဖွဲ့ဝင် (၃) ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး ရဲမှူး ကျော်ညွှန့်တို့မှ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်ဌာနများ ဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ စက်မှုလယ်ယာဦးစီးဌာန စသည်တို့အား ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များအား အသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခြင်းနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိ သူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆက်လက်ဆွေးနွေးခဲ့ကြသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)