အမြို့မြို့အနယ်နယ်သတင်းများ

Apr 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၅) နာရီက အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းဆုံရှိ ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Apr 14,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ဝေါမြို့၊ ချမ်းမြသာရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး မြို့မခန်းမရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ တျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၌ ၁၃၈၅ ခုနှစ် (ခရစ်နှစ် ၂၀၂၄) ခုနှစ် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာနှစ်သစ် ကူးသင်္ကြန်ပွဲတော်ရေ ကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်က လမ်းမတော်မြို့နယ် ၁၅ လမ်းနှင့် မဟာဗနလလမ်းမကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 14,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ (၄)နာရီက မြို့မ(၃)ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမပေါ်ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
Apr 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ(၄)နာရီက အင်းစိန်မြို့နယ် ခန်းမတွင် ကျင်းပခဲ့သည်။
Apr 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ၁၃၈၅ ခုနှစ် (ခရစ်နှစ် ၂၀၂၄)ခုနှစ် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန် ပွဲတော် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက ဗိုလ်တထောင် မြို့နယ်ရပ်ကွက်(၇)၊ ဗိုလ်ကလေးစျေးရှေ့ ကုန်သည်လမ်းမကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 14,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ညနေ ၅ နာရီအချိန်က ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့၌ ကျင်းပသည်။
Apr 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ခရစ်သက္ကရာဇ် ၂ဝ၂၄ ခုနှစ် ယမန်နေ့ သင်္ကြန်အကြိုနေ ညနေ ၄ နာရီက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်ပြည်လမ်းရှိ ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။