အမြို့မြို့အနယ်နယ်သတင်းများ

Apr 14,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကြိုနေ့ မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ညနေ့ ၃ နာရီက အမှတ် ၁၀၀၈ နယ်ခြားစောင့်တပ်ရင်းအနီးရှိ အမှတ် ၁၀၀၈ နယ်ခြားစောင့်တပ်ရင်းရေကစားမဏ္ဍပ်နှင့် ညနေ့ ၄ နာရီအချိန်တွင် မြို့မရပ်ကွက်ရှိ မဟာအတာသင်္ကြန်မဏ္ဍပ်တို့ကိုလည်းကောင်း အသီးသီးဖွင့်လှစ်ခဲ့ကြသည်။
Apr 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၅)နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့ ဟိုပုံးမြို့မဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 14,2024
၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း(၅)ရက်၊ ခရာဇ်သက္ကရာဇ် ၂၀၂၄ ခုနှစ် ယမန်နေ့ သင်္ကြန်အကြိုနေ့‌ တာချီလိတ်မြို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရှမ်းရိုးမကုန်တိုက်ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Apr 14,2024
မိတ္ထီလာမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က နန်းတော်ကုန်းရပ်ကွက် မိတ္ထီလာကန်ပတ်လည်အနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Apr 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ သင်္ကြန်အကြိုနေ့ ညနေ(၅)နာရီအချိန်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အေးချမ်းခြင်းမြို့တော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့သည်။
Apr 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် “လွမ်းလို့မပြေ ရွှေတာမြေ”ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် အမှတ် (၅)ရပ်ကွက်၊ လမ်းမတော်လမ်းရှိ အဆိုပါမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Apr 14,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ သမိုင်းဝင်ဦးပိန်တံတားအနီးတွင် ၂၀၂၄ ခုနှစ်၊ မြန်မာ့ ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၊ အမရပူရခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ မယ်ဇယ် သစ္စာ ရေကစားမဏ္ဍဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အဆိုပါ ရေကစားမဏ္ဍရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။