မြစ်သားမြို့နယ်တွင် မဟာသင်္ကြန်အကြိုနေ့ ဘုရားကျောင်းကန်နှင့် ဓမ္မာရုံများတွင် ဥပုသ်သီလခံယူ ဆောက်တည်သူ များပြား

မြစ်သား ဧပြီ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်နှင့် ဓမ္မာရုံများ၌ မဟာသင်္ကြန်နှစ်ကူးကာလတွင် သင်္ကြန်အကြိုနေ့ နံနက် (၈)နာရီခွဲမှစတင်ကာ ပြည်သူများအေးချမ်းစွာဖြင့် ဥပုသ်သီလ ခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်လျက်ရှိကြောင်း သိရသည်။

၁၃၈၅ ခုနှစ်  နှစ်သစ်ကူး မဟာသင်္ကြန်ကာလ၌ မြစ်သားမြို့နယ်အတွင်ရှိ ဖောင်တော်ဦးစေတီ၊ မြစ်သားစျေးဘုရားဓမ္မာရုံ၊ ရွှေကွမ်းတောင်ဘုရား၊ မင်းကုန်းကျောင်းပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီး၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီး၊ မြို့ဦးကျောင်းပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီး၊ ပေတောပရဟိတဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်အလိုက် ဓမ္မာရုံများသို့ စတုဒိသာကျွေမွေး၍ ကုသိုလ်ယူသူများနှင့် သက်ကြီး အဘိုး/အဘွားများ ဒေသခံပြည်သူများမှ သွားရောက်ပြီး သင်္ကြန်ကာလအခါသမယတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်း၊ ကမ္မဋ္ဌာန်းတရားစီးဖြန်းခြင်းများအား စိတ်အေးချမ်းသာယာစွာ ကောင်းမှုကုသိုလ်ပွားများ ပြုလုပ်အားထုတ်လျက်ရှိကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား