တပ်ကုန်း ဧပြီ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ဧပြီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မိုးရွာသွန်းပြီ မိုးသီးများကျ၊ လေပြင်းတိုက်ခတ်မှုကြောင့်ရှားတောကျေးရွာ၊ ဆင်သေချောင်းအနီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရေအရင်းအမြစ်ဦးစီး ဌာန (ရုံးချုပ်)မှ ဆောင်းနှင့်နွေရာသီတွင် ရေပေးဝေနိုင်ရေး ဆောင်ရွက်ထားသည့် ရေတင်ဆိုလာ ပြားများမှ ဆိုလာပြား ခုနှစ်ချပ် လန်ကျပျက်စီးခဲ့သည်။
ထို့နောက် ရေအေးကျေးရွာတွင် ၃ x ၄ ပင် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ်သုံးလုံး အမိုးလန်ပျက်စီးခဲ့ကြောင်းနှင့် လူ၊ တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်းသိရသည်။
တင်စိုးလွင်