ကျိုက်ထို ဧပြီ ၁၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၁၃၈၅ ခုနှစ် နှောင်းတန်ခူးလဆန်း ၅ ရက် ယမန်နေ့က မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အကြိုနေ့ နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်များတွင် အဟာရဒါနဖြစ်သည့် စတုဒိသာ ကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။
ကျွေးမွေးလှူဒါန်းရာတွင် သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းတို့ကို စေတနာရှင်၊ အလှူရှင်များမှ သဒ္ဒါထက်သန်စွာဖြင့် ကျွေးမွေးလှူဒါန်းရာ ပြည်သူများမှ တပျော်တပါး လာရောက်သုံးဆောင်နေကြကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)