အမြို့မြို့အနယ်နယ်သတင်းများ

Apr 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့ ညနေ  ၅ နာရီက အမှတ် (၄) ရပ်ကွက် တိုးရွှေဝါခန်းမရှေ့ရှိ ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 15,2024
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို (သင်္ကြန်အကျနေ့) ယမန်နေ့ နံနက် ၉ နာရီက လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်သည့် ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ လမ်းလျှောက်သင်္ကြန်မုခ်ဦး၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူအများအပြား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
Apr 15,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပေါင်းလောင်းမြစ်ကမ်းသို့ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေ ရေကစားသူများ ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။      
Apr 15,2024
မြန်မာသက္ကရာဇ် ၁၃၈၅ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်အကျနေ့ ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြိုတော်ဝန် ဦးသန်းထွန်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနကြီးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များသည် နေပြည်တော်မြိုတော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၌ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများ ပျော်ရွှင်စွာ ရေသဘင်ပွဲတော် ဆင်နွဲနေမှုများကို ကြည့်ရှုအားပေးကြသည်။
Apr 15,2024
ယမန်နေ့(သင်္ကြန်အကျနေ့) နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ယိမ်းအကများဖြင့် ကပြဖျော်ဖြေတင်ဆက်မှုများ၊ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားစွာကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) မိသားစုရေကစားမဏ္ဍပ်သို့ တက်ရောက်အားပေးခဲ့ကြသည်။
Apr 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပုဂ္ဂလိကမဏ္ဍပ်များဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်-ပုသိမ်ကားလမ်းမကြီး မိုင်တိုင်အမှတ် (၃၆)ရှိ ကေခိုင်ဦးမိသားစုသင်္ကြန်မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက်၊ မဟာသင်္ကြန်အကြိုနေ့ ညနေ ၅ နာရီခွဲအချိန်က မင်းဘူးမြို့ မင်းပူးဦးဩဘာသမြို့နယ်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Apr 15,2024
ပျော်ဘွယ်မြို့နယ်၌ မြန်မာ့ရိုးရာ သင်္ကြန်အကျနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုဒ်သီလဆောက်တည်သူများ၊ အာဟာရဒါန ကုသိုလ်ရှင်များဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။