ညောင်တုန်းမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပုဂ္ဂလိကမဏ္ဍပ်များ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ညောင်တုန်း  ဧပြီ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပုဂ္ဂလိကမဏ္ဍပ်များဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်-ပုသိမ်ကားလမ်းမကြီး မိုင်တိုင်အမှတ် (၃၆)ရှိ ကေခိုင်ဦးမိသားစုသင်္ကြန်မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်စိုးက မဟာအတာသင်္ကြန်ပွဲတော်တွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည်စုံပြီး ဘေးဥပဒ်အန္တရာယ်များ ကင်းစင်လွင့်ပျောက်ပါစေကြောင်း နှစ်ဦးအကြို မင်္ဂလာဆုတောင်းစကားပြောကြားပြီး အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ကေခိုင်ဦးကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်လွင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် သင်္ကြန်ယိမ်းအဖွဲ့ လှပျိုဖြူများမှ ကပြဖျော်ဖြေခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကေခိုင်ဦးကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်လွင့်နှင့် တာဝန်ရှိသူများက ယိမ်းအဖွဲ့များအား အမွှေးနံ့သာရည်များဖြင့် အတာရေပက်ဖျန်း၍ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပုဂ္ဂလိကမဏ္ဍပ်များအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)