Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကရင်ပြည်နယ် ဘားအံမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကျနေ့ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများဖြင့် စည်ကား၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ အတူတကွ ပါဝင်ဆင်န…
Apr 15,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အေးချမ်းပျော်ရွှင်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ ယမန်နေ့ မဟာသင်္ကြန်အကျနေ့တွင် ဘားအံမြို့ပေါ်ရှိ ပြည်နယ်အဆင့် ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များနှင့် ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်များတွင် သင်္ကြန်ရေကစားကြသူများ၊ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။
အပြည့်အစုံ ဖတ်ရန်
လသာမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ရိုးရာယဥ်ကျေးမှုဖြစ်သည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ရွှေလသာရေကစားမဏ္ဍပ်ဖွင့်ပွဲကို ဧပြီလ ၁၃ ရက်နေ့ ညနေ (၆)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကျနေ့ ဗဟိုမဏ္ဍပ်န…
Apr 15,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါလျက် ၁၃၈၅-ခုနှစ်၊ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ယမန်နေ့ သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာကန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့တွင် ယိမ်းအဖွဲ့များအား ကြည့်ရှုအားပေးခဲ့ပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်အား ပါဝင်ဆင်န…
Apr 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ သင်္ကြန်အကျနေ့တွင် ကမ်းနားလမ်းတစ်လျှောက်ရှိ လမ်းလျှောက်သင်္ကြန်အပါအဝင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်များမှ မဏ္ဍပ်များ၌ ရေပက်ခံထွက်သူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကမ်းနားလမ်းတစ်လျှောက်ရှိ မဏ္ဍပ်များမှ ယိမ်းအဖွဲ့များနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ချစ်ကြည်ရင်းနှီးစွာ အတာရေစင်များ ပက်ဖျန်းခဲ့ကြကာ လမ်းလျှောက်သင်္ကြန်ပွဲတော်အား ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် သင်္ကြန်အကျနေ့တွင် မကွေးလေတပ်စခန်း ဌာနချုပ်မိသားစုမဏ္ဍပ်နှင့် ကမ်းနားလမ်းရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ ပ…
Apr 15,2024
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရိုးရာမပျက် မြန်မာမှု၊ မြန်မာ့ဟန်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန်၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လမ်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်ကို ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်နှင့် ပြည်သူများ မိမိတို့ပင်ပန်းနွမ်းနွယ်သမျှကို အတာရေ ပက်ဖျန်းလန်းဆန်း စေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏တာဝန်များကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ ယမန်နေ့နံနက် ၈ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မကွေးလေတပ်စခန်းဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်နှင့် ကမ်းနားလမ်းရှိ ရေသဘင်မဏ္ဍပ်များတွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေမှုအား ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုများအား လ…
Apr 15,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်အသီးသီးတွင် သင်္ကြန်အကျနေ့ကို အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် ယမန်နေ့တွင် ရွှေဝင်းဝါဖူးရေကစားမဏ္ဍပ်တွင် ပျော်ရွှင်စွာရေကစားခြင်း၊ သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၁၅ နာရီအချိန်က မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်၊ တပ်မိသားစုသင်္ကြန်မဏ္ဍပ်သို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ဂုဏ်ပြုအားပေး
Apr 15,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများတို့သည် ယမန်နေ့နံနက်ပိုင်းက အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်၊ တပ်မိသားစု သင်္ကြန်မဏ္ဍပ်သို့ သွားရောက်ဂုဏ်ပြုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9123
Page
9124
Page
9125
Page
9126
Current page
9127
Page
9128
Page
9129
Page
9130
Page
9131
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department