အမြို့မြို့အနယ်နယ်သတင်းများ

Apr 15,2024
၁၃၈၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အကျနေ့ ယမန်နေ့ ညနေပိုင်းတွင် ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များ၏ ပြိုင်ပွဲဝင် ယှဉ်ပြိုင်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
Apr 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ ဘုန်းတော်ကြီးကျောင်းများရှိ ဘုရားရုပ်ပွားတော်များအား ဘုရားရေသပ္ပါယ်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက အစဉ်အလာမပျက် ကျင်းပခဲ့ကြကြောင်း သိရသည်။
Apr 15,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ဒေသခံရှမ်းတိုင်းရင်းသားတို့သည် မိမိတို့ဒေသ အေးချမ်းသာယာပြီး ဒေသဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါးပေါများစေလိုခြင်း၊ ကျန်းမာကောင်းမွန်စေခြင်း၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေရန်ရည်ရွယ်လျက် ရိုးရာဓလေ့ နတ်ငါးခေါ်ယူ ဆုတောင်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့ဘေးရှိ နမ့်လွေချောင်းကမ်းစပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 15,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့အနီးရှိ မုန်းချောင်း၌ အတာသင်္ကြန်အကြတ်နေ့ လာရောက်အပန်းဖြေရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများထံမှ သိရသည်။
Apr 15,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ပရေကြေတိုရေတံခွန်သို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ နှစ်စဉ်လာရောက်လည်ပတ်လျက်ရှိရာ မဟာသင်္ကြန်ရုံးပိတ်ရက်ကာလတွင် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းခရီးသွားပြည်သူ (၁၀၀၀)ကျော် နေ့စဉ်လာရောက် အပန်းဖြေရေကစားလျက်ရှိကြောင်း သိရသည်။
Apr 15,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ဒေါ်ဆွေဆွေမြတ်တို့သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မဟာသင်္ကြန်ဗဟိုမဏ္ဍပ်များသို့သွားရောက်ပြီး ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုနှင့် ပြည်နယ်ဝန်ကြီးများကိုယ်စားပြုမဏ္ဍပ်များအား လှည့်လည်ကြည့်ရှုအားပေးသည်။
Apr 15,2024
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာ ကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကျနေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
Apr 15,2024
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ရေကစားသူများနှင့် စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အကျနေ့ကို ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။