မအူပင်မြို့တွင် ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

မအူပင် ဧပြီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့ ညနေ  ၅ နာရီက အမှတ် (၄) ရပ်ကွက် တိုးရွှေဝါခန်းမရှေ့ရှိ ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအင်္ကြန်ပွဲတော်အား မြန်မာမှု မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အနှစ်သာရများ ပပျောက်မှု မရှိစေရေးနှင့် ဆက်လက်ထိမ်းသိမ်းစောင့်ရှောက်နိုင်ရေးတို့အတွက် ရိုးရာဓလေ့ထုံးတမ်းများနှင့် အညီ  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍာပ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ယင်းနောက် မြူမှောင်ဝေကင်းသီချင်းဖြင့် ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေ၍ ဧည့်သည်တော်များက နှစ်သစ်အကြို အောင်သပြေခက်နှင့် ရေစင်သွန်းလောင်း၍ ယိမ်းအဖွဲ့များက အလှည့်ကျဖျော်ဖြေပြီး ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)