နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်မြိုတော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၌ ပျော်ရွှင်စွာ ရေသဘင်ပွဲတော်ဆင်နွဲနေမှုများကို ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၁၅

မြန်မာသက္ကရာဇ် ၁၃၈၅ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်အကျနေ့ ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြိုတော်ဝန် ဦးသန်းထွန်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနကြီးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များသည် နေပြည်တော်မြိုတော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၌ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများ ပျော်ရွှင်စွာ ရေသဘင်ပွဲတော် ဆင်နွဲနေမှုများကို ကြည့်ရှုအားပေးကြသည်။

ရှေးဦးစွာ တက်ရောက်လာကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြိုတော်ဝန် ဦးသန်းထွန်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနကြီးမှူးများနှင့် ဝန်ထမ်းများက လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာ သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

ထိုနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြိုတော်ဝန် ဦးသန်းထွန်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများနှင့် တာဝန်ရှိသူများသည် မြန်မာအသံခေတ်ပေါ်တေးဂီတအဖွဲနှင့်တွဲဖက်၍ နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ ဝန်ကြီးဌာနများမှ သင်္ကြန်ယိမ်းအကအဖွဲများ၏ ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြိုတော်ဝန် ဦးသန်းထွန်းဦးနှင့် ဇနီးတို့က ယိမ်းအဖွဲများနှင့် ဧည့်ပရိသတ်များအား အောင်သပြေခက်များဖြင့် အတာရေပက်ဖျန်းပေးကြသည်။

နေပြည်တော်မြိုတော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော်ရှိဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ စုပေါင်းပျော်ရွှင်စွာဆင်နွှဲနိုင်စေရန်၊ ဝန်ထမ်းများ၏စည်းလုံးညီညွတ်မှု၊ ပြည်သူနှင့် အစိုးရ၏ ပေါင်းစည်းမှုနှင့် တစ်သားတည်းဖြစ်မှုတိုကို ဖော်ဆောင်သည့် ပွဲတော်တစ်ခုအဖြစ် ပြသရန်ရည်ရွယ်၍ ပျဉ်းမနား - တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်မြိုတော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံဧရိယာအထိ သင်္ကြန်အကြိုနေ့မှ ဧပြီ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)