အမြို့မြို့အနယ်နယ်သတင်းများ

Apr 14,2024
ကျောက်တန်းမြို့ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်ခရိုင်၊ ကျောက်တန်းမြို့၊ အလယ်ပိုင်းရပ်ကွက် မင်းကျောင်းလမ်းရှိ ကျောက်တန်းမြို့နယ် "မှော်ဝန်းရိပ်မြေ" မဟာသင်္ကြန် အတာရေသဘင်ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
Apr 14,2024
(၁၃၈၅) ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံတဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်  မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် အဆိုပါမဏ္ဍပ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 14,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၄ နာရီခန့်က ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ တပ်နယ်စစ်ဗျူဟာတွင် ကျင်းပရာ စစ်ဗျူဟာ (အခြေချ) (ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
Apr 14,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး(သင်္ကြန်အကျနေ့) ယနေ့တွင် ရပ်ကွက်၊ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလခံယူဆောက်တည်သူများနှင့် ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Apr 14,2024
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် မဟာသင်္ကြန်အကျနေ့ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်ရှိ ကျောင်းများဖြစ်ကြသော မြို့မဘုန်းတော်ကြီးကျောင်း၊ မဟာဓမ္မိကာရုံကျောင်းတိုက်နှင့် ကွမ်းသီးကျောင်းစသည့် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းရှိပြီး ယင်းကျောင်းတိုက်များတွင် ဥပုသ်သီလ ဆောက်တည်သူများ၊ ဒါနကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်းကားလျက်ရှိသည်။
Apr 14,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အုတ်တွင်းမြို့နယ် ဒိုးပင်သောင်ကျေးရွာ ဗဟိုမဏ္ဍပ်တွင် ဧပြီ ၁၃ ရက်(အကြိုနေ့) ညန ၆ နာရီက ဖွင့်ပွဲအခမ်းအနားကျင်းပသည်။
Apr 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ ယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍာပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်က အမှတ် (၂) ရပ်ကွက်၊ကန္နားလမ်း၊ပြည်သူ့ပန်းခြံရှိ ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်သည်။
Apr 14,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ့ညနေ ၆ နာရီ ၅မိနစ်အချိန်က ကျောက်ပန်းတောင်းကျေးရွာနှင့် ပျဉ်းပင်စမ်းကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၆) လုံး အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။