အမြို့မြို့အနယ်နယ်သတင်းများ

Apr 15,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
Apr 15,2024
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
Apr 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့၌ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
Apr 15,2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေ၌ ၁၃၈၅ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းမှစတင်၍ အပန်းဖြေ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
Apr 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ အနော်ရထာမင်းကြီးလက်ထက်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန်၊ ဘုရား၊ ပုထိုးစေတီများကို နေရာအနှံအပြားတွင် တည်ဆောက်ခဲ့ပြီး ပုဂံခေတ် အေဒီ ၁၁ ရာစုမှ ပင်းယခေတ် အေဒီ ၁၄ ရာစုအတွင်း အနုပညာလက်ရာများ တစ်စုတစ်ဝေးတည်းနှင့် အပြည့်စုံဆုံးစုဝေးတည်ရှိရာ ရွှေဂူကြီးစေတီတော်ကြီးသို့ မဟာသင်္ကြန်ရက်ရှည် ရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူများအနေဖြင့် လာရောက်လေ့လာနိုင်ပါသည်။
Apr 15,2024
မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာ ညောင်ပင်သာကျောင်းတိုက်ရှိ အောင်ချမ်းသာဘုရား ရင်ပြင်တော်‌ပေါ်တွင် မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲကို ယမန်နေ့ (မဟာသင်္ကြန်အကျနေ့)ညမှစတင်ကာ ညောင်ပင်သာကျောင်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 15,2024
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဘုန်းကြီးကျောင်းများနှင့် ပင်လယ်ဆိပ်ကမ်းအနီးအနားရှိ ညောင်ဝိုင်းကျေးရွာတွင် နွေရာသီကာလ သောက်သုံးရေများ ပြတ်လပ်မှုမရှိစေရန်အတွက်  ယမန်နေ့က မြန်မာ့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သောက်သုံးရေများကို သွားရောက်လှူဒါန်း ဖြန့်ဝေပေးသည်။
Apr 15,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ (၅၂)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။