Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ
May 02,2024
ကရင်ပြည်နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့ ရှင်ဂျော့ဂျက်ဘုရားကျောင်းခန်းမတွင် ဘွဲကရင်စာပေသင်တန်းဖွင့်လှစ်
May 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဘွဲကရင်လူမျိုး အများစုနေထိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ ဘာသာစကားနှင့်စာပေကို တန်ဖိုးထားတတ်စေရန်၊ ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ဘွဲကရင်စာပေသင်တန်းကို ယနေ့နံနက်(၉)နာရီ အချိန်က ရှင်ဂျော့ဂျက်ဘုရားကျောင်းခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ အပူရှောင်စခန်းစတင်တည်ဆောက်မှုလုပ်ငန်း (၅၀) ရာခိုင်နှုန်းကျော်ပြီးစီး
May 02,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအား အပူဒဏ်အန္တရာယ်မှ ကာကွယ်ပေးနိုင်ရေးအတွက် အမှတ် (၁၄) ရပ်ကွက်၊ စနစ်သစ်ပုထိုးတိုက်ဘုန်းတော်ကြီးကျောင်းဝန်း၌ ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး အပူရှောင်စခန်း တည်ဆောက်လျက်ရှိရာ ယခုအခါ (၅၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
May 02,2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့် ရပ်ကွက်များအတွင်းရှိ လူနေအိမ်များ မြို့မဈေးကြီး၊ ပြည်သူ့ဆေးရုံကြီးနှင့်ဆေးပေးခန်းများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် မြို့နေပြည်သူလူထုများသည် ဘေးလွတ်ရာနေရာဒေသများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာမှု အားကောင်းလာပြီဖြစ်သည့်အတွက် ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိပြီး ၎င်းပြည်သူလူထုများ နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများအား စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
May 02,2024
မေလ ၅ ရက်နေ့၌ ကျရောက်မည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက ဆိုင်းဘုတ်တင်ခြင်းနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို မေ ၁ ရက် နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် ရနောင်း-ကော့သောင်း ဒုတိယအကြိမ်မြောက် ထိုင်း-မြန်မာလူငယ် ရွက်လှေသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်
May 02,2024
ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်တွင် ကျင်းပပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးစေရန် ရနောင်း-ကော့သောင်း ဒုတိယအကြိမ်မြောက် ထိုင်းမြန်မာလူငယ် ရွက်လှေသင်တန်းသင်တန်းဆင်း ပိတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ ဘုရင့်နောင်ကုန်းမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ ရနောင်း-ကော့သောင်းနှစ်ခရိုင်မှ တာဝန်ရှိဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရွက်လွှင့်နည်းပညာသင်တန်းသား/သူများနှင့် အုပ်ထိန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့အလုပ်သမားနေ့” အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
May 02,2024
အလုပ်သမားနေ့သည် လုပ်အားတန်ဖိုးကို မြှင့်တင်ပေးသည့်နေ့ဖြစ်ကြောင်း၊ အလုပ်သမားနေ့ကို အလုပ်သမားများသာမက အလုပ်ရှင်များကပါတန်ဖိုးထားကြရမှာဖြစ်ကြောင်း သိရှိစေရန်ရည်ရွယ်၍ “ကမ္ဘာ့အလုပ်သမားနေ့” အထိမ်းအမှတ်အသိပညာပေးTalk Show ဆွေးနွေးပွဲကို လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီကပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့၌ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
May 02,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် လင့်ကြီးကျေးရွာတွင် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို ဧပြီလ(၃၀)ရက်နေ့နံနက် (၁၁) နာရီအချိန်က မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9067
Page
9068
Page
9069
Page
9070
Current page
9071
Page
9072
Page
9073
Page
9074
Page
9075
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department