Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဇမ္ဗူသီရိမြို့နယ်၌ (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်…
May 02,2024
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးမြို့နယ် မီးသတ်စခန်းရှေ့ ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် နယ်မြေမီးသတ်စခန…
May 02,2024
မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇ နာရီအချိန်က ညောင်ဦးမြို့နယ် မီးသတ်စခန်း ရှေ့မျက်နှာစာတွင် ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် နယ်မြေမီးသတ်စခန်းများက ကျေးရွာ၊ တဲတိုက်၊ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေ လှူဒါန်းက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း ညောင်ဦးမြို့နယ် ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်းထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း
May 02,2024
မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူခရိုင် အထွေထွေရောဂါကုဆေးရုံကြီး၌ ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စုပေါင်း၍ ယနေ့နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်တွင် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
May 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် ဝတ္ထုတို၊ ဝတ္ထုရှည်ရေးသားနည်း၊ ဒါရိုက်တာပညာလေ့လာနည်း၊ ဇာတ်ညွှန်းပညာလေ့လာနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီအချိန်က ရည်ညွှန်းစာကြည့်တိုက်ရှိ ကရမက်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ မီးပလပ်ခုံရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား
May 02,2024
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့အမှတ် ၄ ရပ်ကွက် သစ္စာလမ်းနှင့် သုခမိန်လမ်းထောင့် တွင် ယမန်နေ့ညနေ ၃ နာရီ ၅ မိနစ်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြဝတီခရိုင် မီးသတ်စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဖြိုးမင်းဇော်ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ၁၁ ဦးတို့သည် မီးငြှိမ်းသတ်ယာဥ်နှစ်စီး၊ မီးသတ်ရေသယ်ယာဥ်နှစ်စီးဖြင့် လည်းကောင်း၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့က ရေသယ်ယာဥ်တစ်စီး၊ စည်ပင်ရေသယ်ယာဥ်တစ်စီးနှင့် ရပ်ကွက်ရေသယ်ယာဥ်သုံးစီးတို့ဖြင့် လည်းကောင်း ထွက်ခွာ မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၂၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၄ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သားမြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်ဆီများ ရောင်းချပေး
May 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်ခရိုင်အတွင်း နေထိုင်ကြသောပြည်သူများ စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီ တင်သွင်း ဖြန့်ဖြူးလျက်ရှိသော ကုမ္ပဏီများနှင့်ဆက်သွယ်၍ စားအုန်းဆီများဝယ်ယူ၍ စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ကူမဲ၊ ပလိပ် မြို့နယ် ခွဲများတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် မွေးမြူရေးဇုန်…
May 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေ ရိက္ခာဖူလုံရေးနှင့် မွေးမြူရေးဇုန်များ တိုးချဲ့ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၇)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
May 02,2024
၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် မေလ၁ရက်နေ့ နံနက် ၇ နာရီအချိန်မှစပြီး အထင်ကရနေရာများဖြစ်သည့် မြဝတ်ဆင်စေတီတော်နှင့် ရှင်မအောင်သာကျောက်တိုင်တို့တွင် ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9066
Page
9067
Page
9068
Page
9069
Current page
9070
Page
9071
Page
9072
Page
9073
Page
9074
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department