သံတောင်ကြီး မေ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဘွဲကရင်လူမျိုး အများစုနေထိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ ဘာသာစကားနှင့်စာပေကို တန်ဖိုးထားတတ်စေရန်၊ ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ဘွဲကရင်စာပေသင်တန်းကို ယနေ့နံနက်(၉)နာရီ အချိန်က ရှင်ဂျော့ဂျက်ဘုရားကျောင်းခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ရှင်ဂျော့ဂျက်အသင်းတော်မှကျောင်းထိုင်ဆရာတော်ဦးတင်အုန်းကဦးဆောင်၍ ဘွဲကရင်စာပေသင်ကြားတတ်မြောက်ထားသည့်ဆရာ/ဆရာမများက သင်ကြားပေးပြီး သံတောင်ကြီးမြို့ပေါ်ရှိ ဒေသခံပြည်သူ(၁၁၀)ဦး တက်ရောက်ကာ သင်တန်းဆရာ/ဆရာ မ(၅)ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂)ရက်နေ့မှ (၈)ရက်အထိ (၇)ရက်တာ ဖွင့်လှစ်သင်ကြားပေးသွား မည်ကြောင်း သိရသည်။
နော်နော်မူ