Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မက်မန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကျင်းပ
May 02,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်ပိုစတာ စိုက်ထူခြင်းနှင့် မြကျိုင်းတောင်ဘုရားတွင် သန့်ရှင်းရေးပြုလုပ်
May 02,2024
၂၀၂၄ ခုနှစ်၊ မေလ(၅)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၇)နာရီက ပျော်ဘွယ်မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းရှေ့၌ ဆိုင်းဘုတ်ပိုစတာ စိုက်ထူခြင်း၊ ပြည်သာယာရပ်ကွက်ရှိ မြကျိုင်းတောင်ဘုရားတွင် သန့်ရှင်းပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
May 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် မိုင်းရှူးမြို့နယ်မှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီကစတင်၍ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်လဝကဦးစီးမှူး ဦးထွန်းမြင့်ဝင်းနှင့် ဝန်ထမ်းများ၊ မိုင်းစံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့ဦးစီးမှူးရုံးမှ ဦးရန်နိုင်ဇော်နှင့် ဝန်ထမ်းများက မိုင်းစံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းစံမြို့နယ်ခွဲရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်၌ နွေနှမ်းစိုက်တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ (စိုက်ပျိုးရေးကဏ္ဍ)အတွက် ငွေကျပ်သိန်း(၄၀၀) ထုတ်ချေးပေး
May 02,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စီမံကိန်းကြီးကြပ်မှုကော်မတီမှကြီးမှူး၍ မလှိုင်မြို့နယ်၌ နွေနှမ်းသီးနှံစိုက်ပျိုးရန်အတွက် တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်သိန်း(၄၀၀) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇေယျာအောင်သံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲစာဖြေဌာနဖွင့်ပွဲ ကျင်းပ
May 02,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ကျောင်းသားလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မားစေရေးနှင့် ယဉ်ကျေးပျူငှာစွာ ပြောဆိုတတ်ကြစေရန်တို့ကို ရည်ရွယ်၍ နိုင်ငံတော်အဆင့် ယဉ်ကျေးလိမ္မာသင်တန်းစာမေးပွဲ လက်ပံတန်း စာဖြေဌာန(၃) ဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီက လက်ပံတန်းမြို့ မဟာဇေယျပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့၌ ဆောင်းကြက်သွန်ဖြူများ စတင်နှုတ်သိမ်းချိန် တစ်ပိဿာ ၇၀၀၀ ကျပ်ရောင်းချနေရ
May 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မြို့မကျေးရွာအုပ်စုရှိ လယ်စိုက်ခင်းတွင် စိုက်ပျိုးထားသော မိုးစပါးများ ရိတ်သိမ်းအပြီး ကြက်သွန်ဖြူများ ဒီဇင်ဘာလကုန်ပိုင်းမှစ၍ တစ်ပိုင်တစ်နိုင် စတင်စိုက်ပျိုးကြရာ ဧပြီလကုန်ပိုင်းတွင် စတင်နှုတ်သိမ်းနေပြီဖြစ်ရာ ရောင်းချချိန် တစ်ပိဿာ ၇၀၀၀ကျပ် ရောင်းချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် တရားမဝင်ဆေးဝါးများနှင့် ဆေးညွှန်းစာဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
May 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ပဋိဇီဝဆေးယဉ်ပါးမှု ကာကွယ်ရန်အတွက် ပြည်သူများ ဝယ်ယူသုံးစွဲနေကြသည့် ဆေးဝါးများကို ဈေးကွက်အတွင်း တစ်ချို့သောဆေးဝါးများကို ဆရာဝန်ဆေးညွှန်းစာဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် တရားမဝင် ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့ပေါ် ဆေးဆိုင်များအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့ သာသနာ့ဗိမာန်တွင် အပူရှောင်စခန်း ဖွင့်လှစ်ထားမှုအား အများပြည်သူသိရှိနိုင်ရေး အသိပေးနှိုးဆော်
May 02,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် နေ့စဉ် တစ်နေ့ထက်တနေ့ အပူရှိန်မြင့်မားလာသဖြင့် ဒေသခံပြည်သူများ အသက်အန္တရာယ် ထိခိုက်မှုမရှိစေရေးအတွက် မြို့နယ်အပူရှောင်စခန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ စီစဉ်မှုဖြင့် ၂၀၂၄ ခုနှစ် မေလ(၁)ရက်နေ့မှစတင်၍ ပူပြင်းသည့် နွေရာသီကာလအတွင်း နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ မြို့နယ်သာသနာ့ဗိမာန်တွင် ဖွင့်လှစ်ထားရှိမှုအား အများပြည်သူသိရှိနိုင်ရန် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ တာဝန်ရှိသူများက ယမန်နေ့ည(၇)နာရီက နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9069
Page
9070
Page
9071
Page
9072
Current page
9073
Page
9074
Page
9075
Page
9076
Page
9077
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department