Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 02,2024
၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ရွှေဘုံသာရပ်ကွက်ရှိ ရာဇာမုနိစေတီတော်၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ တက်ရောက်
May 02,2024
မေလ ၁ ရက်နေ့ ယမန်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လူရည်ချွန်စခန်း(ငွေဆောင်)မှ တာဝန်ရှိသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များ၏ ရင်တွင်းစကားသံများ
May 02,2024
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ လူရည်ချွန်စခန်း (ငွေဆောင်)၌ မြန်မာတစ်နိုင်ငံလုံးမှ ၂၀၂၄-၂၀၂၄ ပညာသင်နှစ် ဧကာဒသမတန်း လူရည်ချွန်မောင်မယ် ၁၃၅ ဦးနှင့် ကြီးကြပ်ဆရာဆရာမများသည် ဧပြီ ၂၇ ရက်မှ မေ ၁ ရက်နေ့အထိ ယာယီစခန်းချ၍ လူရည်ချွန် ဟောင်းကြီးများနှင့် ရင်းနှီးနွေးထွေးစွာတွေ့ဆုံခြင်း ဒေသန္တရဗဟုသုတလေ့လာခြင်း၊ ကမ်းခြေတွင်အပန်းဖြေခြင်းတို့ကိုဆောင်ရွက်လျက်ရှိသည်။ အဆိုပါလူရည်ချွန်စခန်းတွင် ရောက်ရှိနေသည့် လူရည်ချွန်စခန်း ငွေဆောင်မှ တာဝန်ရှိသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဧကာဒသမတန်းလူရည်ချွန် မောင်မယ်များ၏ ရင်တွင်းစကားသံများကို ပြည်သူများ သိရှိနိုင်ရန်အတွက်ဖော်ပြအပ်ပါသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်အတွင်း သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် သီတာအေး (ယာယီ) ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်းလေးသောင်း ခြောက်ထောင်ကျော်ပျိုးထောင်ထားရှိ
May 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သစ်ပင်စိုက်ပျိုးသွားနိုင်ရန်အတွက် ရန်ကုန်-ပုသိမ်ကားလမ်းမ သီတာအေး (ယာယီ) ပျိုးဥယျာဉ်တွင် ပျိုးပင်များကို နှစ်စဉ်ပျိုးထောင်ထားလျက်ရှိရာ ယခုနှစ်မိုးရာသီကာလ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက်လည်း ပျိုးပင်ပေါင်း လေးသောင်းခြောက်ထောင်ကျော်ကို အဆိုပါပျိုးဥယျာဉ်တွင် ဆက်လက်၍ပျိုးထောင်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၌ ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
May 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ အပူဒဏ်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
May 02,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အပူဒဏ်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုရားကြီး ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေများ ဖြန့်ဝေ
May 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ဇန်နဝါရီလအတွင်း အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံ၊ ဈေး၊ နေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဘေးလွတ်ရာနေရာများသို့ ယာယီတိမ်းရှောင်နေထိုင်ခဲ့ရပါသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်တွင် အသံမစဲအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်
May 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွယ်ပြေရပ်ကွက်၊ မဟာရန်အောင် အုဋ်ကျောင်းတိုက် သံဃာ့နာယကဆရာတော်မှ ကြီးမှူးကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် အမျိုးသမီးပူဇနိကအဖွဲ့၏ အသံမစဲအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် ပိဋိကတ်သုံးဘုံတရားစားများ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၆ နာရီအချိန်က အဆိုပါကျောင်းတိုက်နေရာ၌ ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9071
Page
9072
Page
9073
Page
9074
Current page
9075
Page
9076
Page
9077
Page
9078
Page
9079
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department