Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆင်ပေါင်ဝဲမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ
May 02,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆင်ပေါင်ဝဲမြို့မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်၊ ရိုးဝကျေးရွာတွင် စပါးကြဲခင်းပပျောက်ရေး နည်းပညာပေးဆွေးနွေးပြီး မိုးစပါးရေတော် မိုးတော်စိုက်ဧကအားလုံး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မြေမြှုပ်…
May 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရုံးပင် ကျေးရွာအုပ်စု၊ ရိုးဝကျေးရွာ၊ မယ်ထွေးလေးဆန်စက်၌ စပါးကြဲခင်းပပျောက်ရေး နည်းပညာပေးဆွေးနွေးပြီး စိုက်ပျိုးရေးဦးစီးဌာန ၊၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် မိုးစပါးရေတော် မိုးတော်စိုက်ဧကအားလုံး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေမြှုပ် ထည့်သွင်းနိုင်ရေး၊မြေဆီလွှာဖွံ့ဖြိုး တိုးတတ်စေရန်အတွက်သစ် စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့်ကြဲပက်စိုက်ပျိုးခြင်းကို ယနေ့ မေလ ၁ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်က တောင်သူဦးဇော်ဝင်းထွန်း၏ ကွင်းအမှတ်(၈၁၄)၊ ဦးပိုင်အမှတ်(၈/၂)၊(၈)ဧက လယ်မြေပေါ်သို့ ကြဲပက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်နှင့် ရှမ်းပြည်နယ်အတွင်း တိရိစ္ဆာန်ကူးစက်ရောဂါများ ကင်းဝေးစေရန် ရှောင်တစ်ခင်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်
May 02,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း တိရိစ္ဆာန်ကူးစက်ရောဂါများ ကင်းဝေးစေရန် ရှောင်တစ်ခင်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြပွဲ/ပြခန်းများ ခင်းကျင်းပြသ
May 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ အထကမိုင်းတုံစာသင်ကျောင်းခန်းများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးဦးဆောင်၍ ယမန်နေ့နံနက်ပိုင်းက ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြပွဲ/ပြခန်းများ ခင်းကျင်းပြသခဲ့ရာ မိုင်းတုံအခြေချစစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ကျော်ထင်နှင့် အဖွဲ့များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှအေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူငယ်များနှင့် ဆရာ/ဆရာမများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် မျက်စိလူနာမှတ်တမ်းစာအုပ်များ စတင်ပြုလုပ်ပေး
May 02,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခဲ့ရာ (၅၂)ကြိမ် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင်လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်အချို့ အမိုးလန်ပျက်စီး
May 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မေလ (၁)ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်က လေပြင်း ထန်စွာတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
May 02,2024
ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရေးနှင့် စဥ်းစားတွေးခေါ်မှု မြှင့်မားစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် သုတရသစာအုပ်များ ပြသခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံ၌ အလုပ်သမားနေ့အခမ်းအနားနှင့် ပြည်နယ်ထုတ်ကုန်ပစ္စည်းများ MSME ပြပွဲကျင်းပ
May 02,2024
နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအရေးပါသည့် အင်အားစုကြီးတစ်ခုဖြစ်သော အလုပ်သမားများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုဂုဏ်ပြုသောအားဖြင့် ၂၀၂၄ ခုနှစ်၊ အလုပ်သမားနေ့အခမ်းအနားနှင့် ပြည်နယ်ထုတ်ကုန်ပစ္စည်းများ MSME ပြပွဲကို မေလ ၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9070
Page
9071
Page
9072
Page
9073
Current page
9074
Page
9075
Page
9076
Page
9077
Page
9078
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department