မြင်းခြံမြို့၌ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်‌ရေးပစ္စည်းများ ပေးအပ်

မြင်းခြံ မေ ၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် လင့်ကြီးကျေးရွာတွင် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို ဧပြီလ(၃၀)ရက်နေ့နံနက် (၁၁) နာရီအချိန်က မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။

မြင်းခြံမြို့နယ် လင့်ကြီးကျေးရွာ၌ ဧပြီလ (၂၀) ရက်နေ့က လျှပ်စစ်မိန်းခုံအပူလွန်ကဲရာမှ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စု (၃၇) စုတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ကယ်ရေးပစ္စည်း (၁၆) မျိုးပါ သေတ္တာပုံး (၃၅) ပုံး၊ အိမ်ပြန်လည်တည်ဆောက်ရန်အတွက် ထောက်ပံ့ငွေကျပ် (၃၉) သိန်း၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၃၃၈၁၀၀) ကျပ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ရတနာမြင့်တို့က ပေးအပ်ခဲ့ရာ မီးဘေးသင့်အိမ်ထောင်စုများကိုယ်စား ဦးအောင်မှ လက်ခံရယူခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေးထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်သည့်အတွက် လက်ခံရရှိသူ ဦးအောင်မှလည်း မီးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ယခုလိုလာရောက် ထောက်ပံ့ပေးသောကြောင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ကျော်စွာ(မြင်းခြံ)