လိပ်သို မေ ၂
ကရင်ပြည်နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မီးဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မီးလောင်နေစဉ် လိုက်နာရန် အချက်များ၊ မီးငြိမ်းပြီးပါက ပြုလုပ်ရန်အချက်များ၊ မီးလောင်မှုဖြစ်ပွားသည့် ပုံစံနှင့် မီးငြှိမ်းသတ်ရန် နည်းလမ်းများ စသည့် အသိပညာပေး အကြောင်းအရာများ ပါဝင်ပြီး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုအား ဒေသနေပြည်သူများ၊ ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံးအနေဖြင့် ဒေသနေပြည်သူများ လေ့လာကြည့်ရှုမှတ်သားနိုင်ရန် အသိပညာပေး နံရံကပ်စာစောင်များကို အပတ်စဉ် လဲလှယ်ပြသ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)