ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သားမြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင်   ဈေးနှုန်းချိုသာစွာဖြင့် စားအုန်ဆီများ ရောင်းချပေး

ကျောက်ဆည်  မေ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်ခရိုင်အတွင်း နေထိုင်ကြသောပြည်သူများ  စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီ တင်သွင်း ဖြန့်ဖြူးလျက်ရှိသော ကုမ္ပဏီများနှင့်ဆက်သွယ်၍ စားအုန်းဆီများဝယ်ယူ၍ စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ကူမဲ၊ ပလိပ် မြို့နယ် ခွဲများတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါရောင်းချသည့် စားအုန်းဆီများကို Global Good Pure Group Co,Ltd ကမ္ပဏီမှ တစ်ပိဿာငွေ (၅၃၄၀)ကျပ်ဖြင့် ဝယ်ယူ၍ ကျောက်ဆည် မြို့နယ်၌  ဂျူးဂျူး၊ အာကာကျော်၊ အမေထွား နေလသုခ၊ ယံယံ၊ ရှယ်လီဌေးဆီအရောင်းဆိုင်များမှ တောင်လွှဲ၊သင်တောင်းကြီး၊ စမ်းတောင်ရိုး၊ ဖောင်ရွာ၊ ပုထိုးတိုင်၊ပန်းခွာ၊ပနံ၊ ရွာပုလဲ၊ထနောင်ပင်လှကျေးရွာ/ရပ်ကွက်များနှင့် မြို့မဈေးကြီးရှိဈေးသူ ဈေးသားများသို့လည်းကောင်း၊ စဉ့်ကိုင်မြို့နယ်၌ ဒေါ်လာဆီအရောင်းဆိုင်မှ သိန္ဒီကုန်း၊ ပုဏ္ဏားကုန်း၊ ကုန်းနီ၊ ရဲစုကျေးရွာသို့လည်းကောင်း၊  ပုလိပ်မြို့နယ်ခွဲ၌ စစ်မှန်၊ ငွေပင်လယ်ဆီအရောင်းဆိုင်မှ တဘက်ဆွဲ၊ အရှေ့ရွာသစ်ကျေးရွာများသို့လည်းကောင်း၊ မြစ်သားမြို့နယ်၌ အောင်ကမ္ဘာ၊ နယူးဖန်စီ၊ ဒေါ်ဇာဇာ၊ ငွေကလပ် ဆီအရောင်းဆိုင်များမှ ရွာမုန်းကြီး၊ မရှက်၊ မင်းကုန်း၊ မြိုင်ကုန်းရပ်ကွက်၊ ကျေးရွာများသို့ လည်းကောင်း၊ ကူမဲမြို့နယ်ခွဲ၌လှ၊ ရတနာဌေး၊ အောင်စိုးမိုးဆီအရောင်းဆိုင်များမှ ကြောင်ပန်း၊ မြိုင်ကုန်းကျေးရွာများသို့လည်းကောင်း အသီးသီးရောင်းချပေးခဲ့ပြီး ရောင်းချရာတွင် စားအုန်းဆီ တစ်ပိဿာ ငွေ(၅၈၂၉) ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)