တောင်ငူမြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

တောင်ငူ မေ ၂

မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူခရိုင် အထွေထွေရောဂါကုဆေးရုံကြီး၌  ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စု‌ပေါင်း၍ ယနေ့နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသက်ဝင်းက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး အာဟာရစားသောက်ဖွယ်များနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။ (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စုစုပေါင်း (၂၀)ဦးက တောင်ငူခရိုင် အထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဌာနတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)