တောင်ဥက္ကလာပ မေ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် ဝတ္ထုတို၊ ဝတ္ထုရှည်ရေးသားနည်း၊ ဒါရိုက်တာပညာလေ့လာနည်း၊ ဇာတ်ညွှန်းပညာလေ့လာနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီအချိန်က ရည်ညွှန်းစာကြည့်တိုက်ရှိ ကရမက်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဝင် ဆရာ မြင့်မောင်က အဖွင့်ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး သင်တန်းဆရာမ သဥ(လားရှိုး)က သင်တန်းတွင် ပြန်လည်ဝေမျှမည့် သင်ကြားမှုများနှင့်ပတ်သက်ပြီးရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စာရေးဆရာ မောင်နိုင်(ဒဿနိက) နှင့် ဆရာမ လေးခင်ခင်(တော်ဝင်ပန်း)တို့က သင်တန်းဖွင့်လှစ်မှုနှင့် ပတ်သက်ပြီး မုတိတာစကားပြောကြား ခဲ့ပါသည်။
ထိုနောက် သင်တန်းကြီးကြပ် ဆရာမောင်ယဉ်ဝေမှ သင်တန်းဖွင့်လှစ်မှုအခြေအနေများကို ရှင်းပြခဲ့ပြီး သင်တန်းကာလကို မေလအတွင်း အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် မွန်းလွဲ(၂)နာရီမှ (၄)နာရီထိ စာရေးဆရာမ သဉ္ဇာလှိုင်(လာရှိုး)က ဦးစီးသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အခမ်းအနားသို သင်တန်းသား သင်တန်းသူများ၊ စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများ၊ စာရေးဆရာ၊ ဆရာမများ တက် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)