ဇမ္ဗူသီရိ မေ ၂
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲသို့ ပျဉ်းမနားမြို့နယ်မှ ကျောင်းသား/သူ(၂၇)ဦး၊ ဇမ္ဗူသီရိမြို့နယ်မှ ကျောင်းသား/သူ(၆)ဦး၊ အလွတ်တန်း(၁)ဦး၊ စုစုပေါင်း(၃၄)ဦးတို့က ခေါင်းစဉ်(၇)မျိုးအလိုက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်၊ ပျဉ်းမနားခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ကျော်ညွန့်၊ အမှတ်(၈) မူးယစ်တပ်ဖွဲ့ခွဲမှ ဒုရဲမှူးကြီး စိုးမင်းအောင်၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး အေးနိုင်၊ ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးဇော်လွင်၊ ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်အောင်တို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)