ရန်ကုန် မေ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြိုနယ် အမှတ် (၇၇၊ ၇၈၊ ၉၁၊ ၉၃၊ ၉၄) ရပ်ကွက် (၅) ရပ်ကွက်မှ အပူလှိုင်းအန္တရာယ်ခံစားရသော အိမ်ထောင်စုများမှ (မသန်စွမ်း၊ သက်ကြီးရွယ်အို၊ ခလေး ၆ ယောက်နှင့်အထက်) စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသော အိမ်ထောင်စုများအား ငွေသားထောက်ပံ့ခြင်းကို မေလ ၁ ရက်နေ့ နံနက်ပိုင်းက အမှတ်(၉၄) ရပ်ကွက်၊ ပိတောက်လမ်း(ဘီ)၊ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ငွေသားထောက်ပံ့ခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက အပူလှိုင်းအန္တရာယ်ခံစားရသော မိသားစုဝင်များလက်ဝယ်အရောက် ငွေသားကျပ်တစ်သိန်းတိတိကို ကူညီထောက်ပံ့ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဦးကျော်မိုးကြည်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသူနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ လာရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)