အမြို့မြို့အနယ်နယ်သတင်းများ

May 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်မွေးစမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 03,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များနှင့် စာသင်ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
May 03,2024
ရန်ကုန်တိုင်းဒသကြီး၊ ထန်းတပင်မြို့နယ်အတွင်း စပါးအထွက်နှုန်းများ တိုးတက်လာစေရန်အတွက် တောင်သူအသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ယမန်‌နေ့နံနက်ပိုင်းက ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာ၌ (၂၀၂၄-၂၀၂၅)ခုနှစ် မိုးစပါးစိုက်ရာသီတွင် မျိုးစေ့ချကိရိယာ (Seeder)အသုံးပြု၍ စပါးစိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေး ဆွေးနွေးခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးများအား စံကွက်ရိတ်သိမ်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
May 03,2024
ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခုတင် (၅၀၀) ဆံ အထွေထွေရောဂါကုဆေးရုံကြီးရှိ သွားနှင့် ခံတွင်းကုသဆောင်၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ကို ခွဲစိတ်ပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု (အံကပ်) အခမဲ့ တပ်ဆင်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
May 03,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီက ဇေယျာသီရိဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
May 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်(၈)နာရီ ကတောမကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 03,2024
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် (ဧပြီလမှမတ်လ) အထိ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့တွင် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့က မိုင်းရှူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။